
Web Development Service ကို Agency တွေမှာ အလုပ်အပ်ပြီဆိုရင်
သင့်ကို ဘာတွေ ဝန်ဆောင်မှုပေးမှာလဲ။ သင်ဘာပြန်ရနိုင်မှာလဲ။
အကြမ်းပျမ်းအားဖြင့် Website ရေးဆွဲခြင်း လုပ်ငန်းစဉ် အဆင့် 8 ဆင့် အထိပိုင်းခြားနိုင်ပါတယ်။
တစ်ချက်ချင်းစီကိုလေ့လာလိုက်ရအောင်>>>
Gather Information

Web development ပိုင်းရဲ့ ပထဆုံးအပိုင်းလည်းဖြစ်သလို အရေးကြီးဆုံးအပိုင်းလည်း ဖြစ်ပါတယ်။
သင့် Business ရဲ့ အမျိုးအစား၊ Vision, Mission နဲ့ Marketing Objectives တွေကို အတိအကျ ရယူရပါမယ်။
သင့် Business အကြောင်းသိမှ ဘယ်လို Website အမျိုးအစား သုံးသင့်တယ်ဆိုတာနဲ့
ဘယ်လို Website အမျိုးအစားတွေက Updated ဖြစ်နေတယ်ဆိုတာကို ဆုံးဖြတ်ချက်ချနိုင်မှာ ဖြစ်ပါတယ်။
Plan

Client Meeting ကရယူလာတဲ့ အချက်အလက်တွေနဲ့ SiteMap တစ်ခုရေးဆွဲသင့်ပါမယ်။
Site Map ဆိုတာကတော့ Website တစ်ခုလုံး ဘယ် Pages တွေပါမယ်နဲ့ ဘယ် Links တွေကနေ ဝင်မယ်ဆိုတာကို မြေပုံတစ်ခုပုံစံ ရေးဆွဲထားခြင်းပါ။
ပြီးရင်တော့ Website တစ်ခုရဲ့ ပုံစံအကြမ်းကို စာရွက်ပေါ်မှာ ရေးဆွဲထားရပါမယ်။
ထွက်လာတဲ့ ဒီဇိုင်းအကြမ်းနဲ့ Business Plan တွေကို ကြည့်ပြီး ဘယ်လို Technologies တွေရွေးချယ်ရမလဲ စဉ်းစားရပါတယ်။
eg. CMS (WordPress, Drupal, Shopping Cart, etc…) Framework (Asp.net, Laravel, Ci, Vue, React, etc…..)
Design

ရလာတဲ့ ဒီဇိုင်းအကြမ်းကို Photoshop နှင့်ဒီဇိုင်းချပါမယ်။
အနည်းဆုံး ဒီဇိုင်းသုံးပုံရေးဆွဲပြီး Client ရဲ့စိတ်ကြိုက် Design တစ်ခုကို Confirm လုပ်ရမယ်။
Design ပိုင်း ပြင်ချင်ပြောင်းချင်တာများကိုလည်း ကာစတမ်မာတွေ စိတ်တိုင်းကျသည်အထိ ပြုပြင်သင့်ပါတယ်။
Development

Development ပိုင်းကတော့ ရလာတဲ့ Photoshop Design ကို ရွေးချယ်ခဲ့တဲ့ Technology အသုံးပြုပြီး ဖန်တီးရုံပါပဲ။
Content Creation

Website တစ်ခုလုံးမှာပါတဲ့ Texts (about us, blogs, services, etc…..), Images, Video, Graphic ကို ဖန်တီးရပါမယ်။
တချို့ Graphic တွေ၊ Videos တွေက ကြာနိုင်တဲ့အတွက် Photoshop နဲ့ ဒီဇိုင်းချကတည်းက ကြိုဆွဲထားသင့်ပါတယ်။
Testing

Error ရှာတဲ့ အပိုင်းပါပဲ။ Technologies Error တွေ၊ Content Error တွေ၊ Design Error တွေကို လုံးဝအပြစ်ကင်းစင်တဲ့အထိ စစ်ရပါမယ်။
စစ်လို့ အကုန်စိတ်တိုင်းကျဖြစ်ပြီဆိုရင် Launch လုပ်မယ့် အပိုင်းကို ရောက်သွားပါပြီ။
Launch Online

ဒီအပိုင်းမှာတော့ Domain Name (www.example.com) တစ်ခုနဲ့ Launch လုပ်ဖို့ပါပဲ။
ပထမဦးဆုံး Domain Name ကို Client အကြိုက်နဲ့ အတတ်နိုင်ဆုံး တူအောင်ရှာပေးရပါမယ်။
Domain Name ရရင် Website နဲ့သင့်တော့်တဲ့ Hosting တစ်ခုနှင့် Launch လုပ်လိုက်ရုံပါပဲ။
တချို့ Client တွေက Web Mail ကို Website စအပ်ကတည်းက အသုံးပြုချင်သောကြောင့် ဒီအပိုင်းကို Client meeting ပြီးကတည်းက စတင်လုပ်ဆောင်ရပါတယ်။
Maintenance

Website Launch လုပ်ပြီးရင်တော့ Website တစ်ခုက မပြီးသွားသေးပါဘူး။ ထိန်းသိမ်းနေဖို့ လိုပါတယ်။
ထိန်းသိမ်းမှု မရှိသော Website တစ်ခုက Hacking အန္တရာယ်နှင့် Users တို့ရဲ့စိတ်ဝင်စားမှုကို လျော့ကျစေပါတယ်။
တချို့ Content တွေက အချိန်နဲ့ တပြေးညီ ပြုပြင်သင့်သောကြောင့် Web Maintenance ပိုင်းသည်လည်း အရေးကြီးသော အပိုင်းတစ်ခုဖြစ်ပါတယ်။
ပို့စ်လေးကို အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ပြီးတော့ ဒီ Article လေးကို အောက်ပါခလုတ်လေးတွေ နှိပ်ပြီး သင့်ရဲ့ Social Media မှာပြန်ပြီးမျှဝေပေးဖို့ တောင်းဆိုပါရစေ။
အဆုံးထိ ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ပြန်တွေ့ကြပါမယ်ခင်ဗျာ။