![Digital Marketing Myanmar](https://www.digitalmarketing.com.mm/wp-content/uploads/2020/07/digitalmarketingmyanmar-scaled-1-870x520.jpg)
What is Digital Marketing and How it works in Myanmar?
Myanmar နိုင်ငံရဲ့ လုပ်ငန်းရှင် ၁၀ ယောက်မှာ ၉ ယောက်က Digital Marketing လို့ဆိုတာနဲ့ Facebook မှာပေ့ချ်ထောင်၊ ပို့စ်တင်၊ ဘုစ်တွန်းတာကိုပဲ ပြေးမြင်တတ်ကြပါတယ်။
Startups 9/10 in Myanmar Logic:
Digital Marketing = Facebook Marketing
Digital Marketing = ပေ့ချ်ထောင်/ပို့စ်တင်/ဘုစ်တွန်း
ဒီ ၁၀ ယောက်ရဲ့ ၉ယောက်ထဲမှာ မိတ်ဆွေ မပါဝင်ဖို့ ကျွန်တော်တို့ ကူညီပါရစေ။
ကိုယ်က သူတို့ထက် ပိုနားလည်ပြီး မှန်မှန်ကန်ကန် အသုံးချနိုင်တဲ့သူ ဖြစ်ပါစေခင်ဗျာ။
ဒါကြောင့် ဒီပို့စ်မှာတော့ ကျွန်တော်တို့ DigitalMarketing.com.mm ကနေပြီး
ဒစ်ဂျစ်တယ်မာကတ်တင်း ဆိုတာဘာလဲ။ Myanmar နိုင်ငံမှာ ဘယ်လိုအလုပ်ဖြစ်နေကြတာလဲ။
“ဂဃနဏ” သိရအောင် ပြောပြပေးသွားမှာကြောင့် အဆုံးထိဖတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။
သင်တွေ့ဖူးသမျှထဲက အရိုးရှင်းဆုံးသော အဓိပ္ပာယ်ဖွင့်ဆိုချက်
![What is Digital Marketing and How it works in Myanmar](https://www.digitalmarketing.com.mm/wp-content/uploads/2020/07/1-1-850x550-1.jpg)
Digital Marketing ။ ။
ဒစ်ဂျစ်တယ် စက်ပစ္စည်းသုံးပြီးတော့ ဝယ်သူရအောင် မာကတ်တင်းလုပ်ခြင်းကို Digital Marketing လို့ခေါ်ပါတယ်။
ဒစ်ဂျစ်တယ် စက်ပစ္စည်းတွေမှာ ဖုန်း၊ ကွန်ပျူတာ၊ တက်ဘလက်၊ တီဗီ၊ ရေဒီယို၊ ဘေဘုတ် အစရှိသဖြင့် စက်ပစ္စည်း အကုန်ပါဝင်ပါတယ်။
ဒါကြောင့် ဒီပစ္စည်းတွေကိုသုံးပြီး ဈေးဝယ်သူ ကာစတမ်မာရအောင် မာကတ်တင်းနည်းလမ်းတွေနဲ့ အားထုတ်ကြိုးစားခြင်းက Digital Marketing ဖြစ်ပါတယ်။
တကယ်တော့ Digital Marketing လုပ်ခြင်းက Marketing လုပ်ခြင်းပဲ ဖြစ်ပါတယ်။
Marketing ကိုပဲ Digital Platform တွေပေါ်မှာ လုပ်တာကြောင့် Digital Marketing ဖြစ်သွားတာပါ။
လူသိနည်းကြတဲ့ ဒစ်ဂျစ်တယ်မာကတ်တင်းရဲ့ တစ်ဘက်ခြမ်း
![Digital Marketing Myanmar](https://www.digitalmarketing.com.mm/wp-content/uploads/2020/07/dmchannels-850x550-1.jpg)
လူတော်တော်များများက Digital Marketing ကို Online Marketing နဲ့ ရောထွေးလေ့ရှိကြပါတယ်။
တကယ်တော့ Digital Marketing မှာ Online Digital ရော၊ Offline Digital ရော ပါဝင်ပါတယ်။
ဆိုလိုတာက Online Digital Channel တွေဖြစ်တဲ့ Social Media, Email, Search Engine တို့သာမကပဲ Offline Digital Channel တွေဖြစ်တဲ့ ရေဒီယို၊ တယ်လီဗေးရှင်း၊ ဒစ်ဂျစ်တယ်ဘေဘုတ်တွေလည်း Digital Marketing မှာအကျုံးဝင်ပါတယ်။
![Digital Marketing Myanmar](https://www.digitalmarketing.com.mm/wp-content/uploads/2020/07/2-850x550-1.jpg)
တရိပ်ရိပ် ပုပ်စပြုလာတဲ့ Digital Marketing ရဲ့ တစ်ဘက်ခြမ်း
![Digitla Marketing Myanamr](https://www.digitalmarketing.com.mm/wp-content/uploads/2020/07/3-1-850x550-1.jpg)
လမ်းမကြီးတွေပေါ်မှာ ဒစ်ဂျစ်တယ် ဘေဘုတ်ကြီးတွေ ထောင်ထားလေ့ရှိပါတယ်။
ကားသွား ကားလာ ခရီးသည်တွေကို မြင်အောင်ပြပြီး ကြေညာထားကြပါတယ်။
ဒါပေမယ့် သင်လမ်းမပေါ်ကနေ လှမ်းကြည့်လိုက်ပါ။
ကားထဲက ခရီးသည် အများစုရဲ့ စိတ်အာရုံက လမ်းဘေးက ဘေဘုတ်ကြီးတွေဆီမှာ မရှိတော့ပါဘူး။
သူတို့ရဲ့ လက်ထဲက လက်တဖဝါးစာ မိုဘိုင်းဖုန်းစခရင်ထဲကို ရောက်ရှိနေပါပြီ။
ကျွန်တော်အိမ်က အမေကတော့ ရေဒီယို နားထောင်ပါတယ်။
သတင်းတွေသိရအောင်၊ သီချင်းတွေနားထောင်ဖို့အတွက်ပါ။
ဒါပေမယ့် သူ့ရဲ့ ကီးပတ်ဖုန်းလေးကနေ Facebook ကောင်းကောင်းသုံးလို့ရတဲ့
Youtube ကြည့်လို့ရတဲ့ ဖုန်းလေးဖြစ်လာတဲ့နောက်မှာတော့……
ရေဒီယိုလေးက ဖုန်တက်ပြီး သတင်းတွေရော သီချင်းတွေကိုပါ သူ့ဖုန်းလေးနဲ့ ခံစားကြည့်ရှုနေပါပြီ။
ဒီလိုပါပဲ။ တီဗီကနေ ည 8 နာရီသတင်း၊ မိုးလေဝသ သတင်းမကြည့်ဖြစ်တာ ကြာသလို မိသားစု တပြုံလိုက်ကြီး ည 7 နာရီမှာ ကိုရီးယားကား ထိုင်မကြည့်ဖြစ်တော့လည်း ကြာလှပါပြီ။
ဒါတွေအကုန်လုံးကို လွမ်းမိပေမယ့် ကျွန်တော်တို့ ဝန်ခံရမှာက Digital Marketing ရဲ့ တစ်ဖက်ခြမ်းကတော့ ပုပ်စပြုလာပြီ ဆိုတာပါပဲ။
ခေတ်က အရှေ့သွားနေတာပါ။ နောက်ပြန်မလှည့်ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ Online Digital Marketing မှာ လက်ဦးမှုယူဖို့ကို လက်မနှေးနေသင့်တော့ပါဘူး။
Online Digital Marketing မှာ ဘာတွေပါဝင်သလဲ။
![Digital Marketing Myanmar](https://www.digitalmarketing.com.mm/wp-content/uploads/2020/07/4-850x550-1.jpg)
- Social Media Marketing
- Content Marketing
- Search Engine Optimization (SEO)
- Search Engine Marketing (SEM)
- Email Marketing
- Messenger Marketing
- Affiliate Marketing
- Influencer Marketing
- Viral Marketing
မြန်မာနိုင်ငံက အသေးစား လုပ်ငန်းရှင်အများစု Digital Marketing ကို ဘယ်လိုချဉ်းကပ်ကြသလဲ?
Aware: ကိုယ်တိုင် Facebook သုံးရင်းနဲ့ ကိုယ့်ပြိုင်ဘက်လုပ်ငန်းတွေရဲ့ ကြော်ငြာတွေ တက်လာတာတွေ့တယ်။ အလုပ်ဖြစ်နေတာတွေ့တယ်။ ငါတော့လုပ်မှဖြစ်မယ်လို့ စဉ်းစားမိတယ်။
Consider: ဘယ်လိုလုပ်ရမလဲ စဉ်းစားတယ်။ Agency တွေ၊ Expert တွေ၊ နည်လမ်းတွေကို လိုက်ရှာတယ်။ လိုက်ကြည့်တယ်။ အဲ့နောက်မှာတော့ Agency တွေ၊ သင်တန်းတွေရဲ့ ကြော်ငြာတွေ တက်လာတယ်။
Decide: ကိုယ်တိုင်လုပ်ကြည့်တော့ ထင်သလောက်မလွယ်။ အဲ့တော့ Agency အပ်မလား။ သင်တန်းတက်မလား စဉ်းစားတယ်။ ဘတ်ဂျက်၊ ရလဒ် မျိုးစုံတွက်ချက်ပြီး ကိုယ်နဲ့ကိုက်တာကို ရွေးချယ်လိုက်ကြတယ်။
ဒါပါပဲ။ သင်တန်းသွားတတ်တော့ Ads Manager သုံးပုံသုံးနည်း သင်ပေးလိုက်တယ်။
ပြီးတော့ လိုက်လုပ်ကြည့်တယ်။ အဆင်ပြေလား။ မပြေပါဘူး။
သင် Digital Marketing ကို ရလဒ်ကောင်းတွေ ဖန်တီးနိုင်သည်အထိ သင်ယူဖို့ဆိုရင် လက်ရှိ လုပ်နေတဲ့ အလုပ်ကိုနားမှပဲ ဖြစ်နိုင်ပါလိမ့်မယ်။
Marketing ဆိုတာ နှစ်ရက်ထဲ တနေကုန် ထိုင်နားထောင်ရုံနဲ့ လုပ်တတ်တာမျိုး မဟုတ်ပါဘူး။
သင် Knowledge တော့ ကောင်းကောင်းရသွားမယ်။ Results ကတော့ တစ်သက်လုံးသင်ယူနေကြတဲ့ ကျွမ်းကျင်တဲ့သူတွေကို ပြန်ခိုင်းမှဘဲ ရနိုင်ပါမယ်။
![Digital Marketing Myanmar](https://www.digitalmarketing.com.mm/wp-content/uploads/2020/07/5-850x550-1.jpg)
How Digital Marketing works in Myanmar (Now)
လက်ရှိမှာ Digital Marketing က Facebook Ads နဲ့တင် အလုပ်ဖြစ်သင့်သလောက် ဖြစ်နေတယ်ဆိုတာတော့ ဝန်ခံရပါမယ်။
ဒါကလည်း Facebook သုံးသူဦးရေ တော်တော်လေး များကြတဲ့အတွက်ပါ။
ဒါပေမယ့် နည်းပညာနဲ့ လူသားတွေရဲ့ အသိပညာက ရပ်တန့်နေမှာ မဟုတ်ပါဘူး။ တိုးတက်ပြောင်းလဲနေပါတယ်။
How Digital Marketing would work in Myanmar (Next Step)
![Digital Marketing Myanmar](https://www.digitalmarketing.com.mm/wp-content/uploads/2020/07/6-850x550-1.jpg)
လက်ရှိမှာ Facebook Ads ကအလုပ်ဖြစ်နေသေးတယ်။ ဒါပေမယ့် အပြိုင်အဆိုင် တော်တော်များတယ်။ ဘတ်ဂျက်တွေ တအားတက်လာတယ်။
ဒီတော့ အပြိုင်အဆိုင် သိပ်မရှိသလို လူတွေ တဖြည်းဖြည်း ရောက်လာကြမယ့် နေရာတွေမှာ
အခုကတည်းက ဈေးဆိုင်ခင်းထားဖို့ လိုပါတယ်။
ဒီအတွက် သင်ဘယ်နေရာတွေမှာ လက်ဦးမှုယူထားမလဲ? ကြိုတင်ပြင်ဆင်ထားမလဲ?
Instagram and Youtube
![Instagram and Youtube](https://www.digitalmarketing.com.mm/wp-content/uploads/2020/07/7-850x550-1.jpg)
Facebook ပြီးရင် နောက်ထပ်ကူးစက်လာမယ့် Social Media ပလက်ဖောင်းတွေကတော့ Instagram နဲ့ Youtube ပါပဲ။
လက်ရှိ Facebook သုံးနေတဲ့ လူအုပ်မှာ လူငယ်တွေ တဖြည်းဖြည်းနဲ့ Instagram ပေါ်ကို ရွေ့လာကြပါပြီ။
Instagram မှာတော့ Personal and Visual ဖြစ်တဲ့ပို့စ်တွေ ပုံမှန်တင်ပြီး ကာစတမ်မာတွေရဲ့ ယုံကြည်မှု၊ ရင်းနှီးမှုနဲ့ လုပ်ငန်းပုံရိပ်ကို တည်ဆောက်လို့ရပါတယ်။
နောက်ထပ် ပလက်ဖောင်းကတော့ Google ပြီးရင် လူရှာအများဆုံး Search Engine ဖြစ်တဲ့ Youtube ပါပဲ။
ဗီဒီယိုတွေက အားအကောင်းဆုံး Content တွေဖြစ်တာကြောင့် ဗီဒီယိုဓာတ်ဘူးကြီးဖြစ်တဲ့ Youtube ကအင်အားကြီးနေတာတော့ မဆန်းပါဘူး။
အခုလို Telecom တွေကလည်း သက်သာလာပြီး အိမ်တွေမှာ Wifi အတပ်များလာတဲ့အချိန်မှာ Youtube အသုံးပြုမှုကလည်း တဖြည်းဖြည်းနဲ့ မြင့်တက်လာပါတယ်။
ဒါကြောင့် သင့်ရဲ့ နောက်ထပ်ခြေလှမ်းကို Instagram နဲ့ Youtube ဘက်ကို ပြင်ထားလိုက်ပါ။
Website Presence & Search Engine Optimization
![Website and SEO](https://www.digitalmarketing.com.mm/wp-content/uploads/2020/07/8-850x550-1.jpg)
ကျွန်တော်တို့ တခုခုသိချင်တဲ့အခါမှာ ဘယ်ကိုသွားမေးကြလဲ၊ ဘယ်မှာသွားရှာကြလဲ။
မြန်မာပြည်သားတွေ အတွက်တော့ အဖြေက သိပ်မသေချာပါဘူး။
Facebook မှန်ပြောင်းလေးမှာ ရိုက်ထည့်တတ်သလို Google မှာလည်း သွားရှာတတ်ကြပါတယ်။
ဘယ်လိုပဲ Digital Knowledge အားနည်းသည်ဖြစ်စေ၊ Google ကိုတော့ တရိပ်ရိပ်နဲ့ သုံးရကောင်းမှန်း သိလာကြပါပြီ။
ဒီအတွက် ကျွန်တော်တို့ သေချာပေါက် ပြင်ဆင်ထားဖို့ လိုပါတယ်။
Google မှာသူတို့သွားရှာကြတဲ့အခါ သင့်ပြိုင်ဘက်တွေရဲ့ Website ထဲကိုရောက်ပြီး သူတို့ကာစတမ်မာ ဖြစ်သွားတာမျိုးကို အဖြစ်မခံပါနဲ့။
အခုကတည်း Website ကောင်းကောင်းတစ်ခု တည်ဆောက်၊ Online မှာခြေကုပ်ယူထားပြီး SEO (search engine optimization) ကောင်းသည်ထက်ကောင်းအောင် လုပ်ထားဖို့ လိုလာပါပြီ။
Visual and Value
![visual and value](https://www.digitalmarketing.com.mm/wp-content/uploads/2020/07/9-850x550-1.jpg)
တဖြည်းဖြည်းနဲ့ Online Digital Marketing ရဲ့ အသုံးဝင်ပုံကို သဘောပေါက်လာကြတဲ့အတွက် လုပ်ငန်းတွေ အစုလိုက်အပြုံလိုက် Online မှာ ပြိုင်ရောင်းနေကြပါပြီ။
ဒီလို အပြိုင်အဆိုင်များတဲ့ ကျွတ်ကျွတ်ညံနေတဲ့ လုပ်ငန်းတွေကြားထဲမှာ သင့်ကိုသတိထားမိဖို့ Visual နဲ့ Value အပိုင်းမှာ အာရုံစိုက်ဖို့ လိုပါတယ်။
ဥပမာတခုနဲ့ စဉ်းစားရအောင်။
သင်စာရေးကိရိယာဝယ်ဖို့ ဆူးလေး 31 လမ်းကို ရောက်နေတယ်ပေါ့။
စာရေးကိရိယာဆိုင်တွေ အပြုံလိုက်ရှိနေတဲ့ထဲမှာ သင်ဘယ်ဆိုင်ကို အရင်သတိထားမိမလဲ။
သေချာပါတယ်။ ဆိုင်ဖွဲ့စည်းပုံ စမတ်ကျပြီး ပစ္စည်းထားသိုပုံ ရှင်းလင်းသေသပ်တဲ့ဆိုင်မှာ အရင်ဝယ်ချင်စိတ် ဖြစ်လာပါလိမ့်မယ်။
ပြီးရင် သင်တကယ်ဝယ်ယူဖို့ ဆုံးဖြတ်တဲ့အခါမှာ ပစ္စည်းအရည်အသွေး၊ တန်ကြေး၊ အားသာချက် စတာတွေကို နှိုင်းယှဉ်ပြီး တကယ်တန်ဖိုးရှိတာကို ကမ်းလှမ်းတဲ့သူဆီကနေ ဝယ်ယူပါလိမ့်မယ်။
ဒီလိုပါပဲ။ အပြိုင်အဆိုင် တအားများလာပြီး ပွက်ပွက်ညံနေတဲ့ Online Competition မှာလည်း သင့်ကို သတိထားမိဖို့အတွက်၊ ရောင်းကောင်းဖို့အတွက် Visual နဲ့ Value ပိုင်းကို အာရုံစိုက်ရပါမယ်။
Thanks for Reading (That’s All for Now)
သင့်အနေနဲ့ Digital Marketing ဆိုတာကို ဂဃနဏ သဘောပေါက်ပြီး ကျွန်တော်တို့ Myanmar မှာ ဘယ်လိုအလုပ်ဖြစ်နေကြလဲဆိုတာကို နားလည်သွားမယ်လို့ ယုံကြည်ပါတယ်။
နောက်ထပ် အခုလို အကျိုးရှိစေမယ့် Article တွေကို လက်မလွတ်သွားရအောင်လို့ မိတ်ဆွေရဲ့ Email ကို အောက်ပါ Form မှာဖြည့်စွက်ခဲ့နိုင်ပါတယ်။
ကျွန်တော်တို့အနေနဲ့ Article အသစ်တင်တိုင်းမှာ သင့်ရဲ့ Inbox ဆီကို အရောက်ပို့ဆောင်ပေးသွားပါမယ်ဗျာ။
ကျွန်တော်တို့ကို အသိအမှတ်ပြုတဲ့အနေနဲ့ အောက်ပါခလုတ်လေးတွေကို နှိပ်ပြီး ဒီ Article ကို သင့်ရဲ့ Social Media မှာပြန်လည်မျှဝေပေးဖို့ တောင်းဆိုပါရစေခင်ဗျာ။
ပျော်ရွှင်သာယာတဲ့ တနေ့တာလေး ဖြစ်ပါစေခင်ဗျာ။ ကျွန်တော်တို့ ပြန်တွေ့ကြပါမယ်။