fbpx
Website Development

What is Ecommerce Website in Myanmar? How Ecommerce works for you?

ecommerce in myanmar

What is Ecommerce Website in Myanmar? How Ecommerce works for you?

What is an Ecommerce Website?

One Sentence Definition

Ecommerce Website ဆိုတာ အင်တာနက်မှတဆင့် ကုန်ပစ္စည်း / ဝန်ဆောင်မှုတွေကို ရောင်းချခြင်း၊ ဝယ်ယူခြင်းတို့ လုပ်ဆောင်နိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ecommerce in myanmar

Ecommerce ကို Electronic Commerce, Internet Commerce လို့လည်း ခေါ်ဆိုနိုင်ပါတယ်။

Ecommerce ကို အောက်ပါစကားလုံးအမျိုးမျိုးနဲ့ ရေးသားနိုင်တာကို တွေ့မြင်ရမှာပါ။

  • ecommerce
  • e-commerce
  • E-commerce
  • E-Commerce
  • Ecommerce

How Ecommerce Website Works in Myanmar?

ecommerce in myanmar

Ecommerce ဆိုတာ အပြင်မှာလက်လီဈေးရောင်းတဲ့ ဆိုင်ခန်းလိုမျိုးပါပဲ။ 

Online ပေါ်မှာရှိတာနဲ့ မြေပြင်ပေါ်မှာ ဆိုင်ဖွင့်ထားတာပဲ ကွာခြားသွားမှာဖြစ်ပါတယ်။

Ecommerce တစ်ခုလို့ ခေါ်ဆိုနိုင်ဖို့ အရေးကြီးဆုံးလိုအပ်ချက်ကတော့

“တစ်ဖက်က ငွေပေးချေနိုင်ပြီး ကျန်တစ်ဖက်က ကုန်ပစ္စည်း / ဝန်ဆောင်မှုကို ရောင်းချနိုင်ဖို့” ဖြစ်ပါတယ်။

အခုချိန်မှာတော့ အပြင်မှာဝယ်လို့ရတဲ့ ပစ္စည်းအားလုံးနီးပါးကို Ecommerce မှတဆင့် ဝယ်ယူနိုင်နေပြီဖြစ်ပါတယ်။

ecommerce in myanmar

Ecommerce တစ်ခုရဲ့ အခြေခံ အစိတ်အပိုင်းများ

Product Categories များ

ပုံမှန် Website တစ်ခုမှာလိုမျိုး Ecommerce Website မှာလည်း သင့်ဆီမှာ ရောင်းချသမျှ ပစ္စည်း/ဝန်ဆောင်မှုများ အားလုံးကို သက်ဆိုင်ရာ Categories အလိုက် စနစ်တကျ ခွဲခြားပြသနိုင်မှာ ဖြစ်ပါတယ်။

သင်ဖော်ပြလိုတဲ့ အချက်အလက်အားလုံးကို စိတ်တိုင်းကျ အစီအစဉ်သတ်မှတ်ပြီး ပြသလို့ရပါတယ်။

Product Attributes များ

ကုန်ပစ္စည်းပုံတွေကို ရှေ့နောက်ဘယ်ညာ အနေအထားမျိုးစုံ ထည့်သွင်းနိုင်တယ်။ အသုံးပြုပုံ ဗီဒီယိုတွေ ထည့်ထားနိုင်တယ်။

ဝယ်သူတွေဘက်က “အရောင်၊ အရွယ်အစား၊ အမျိုးကွဲ” စတာတွေကိုလည်း စိတ်တိုင်းကျ ရွေးချယ်ကြည့်ရှုလို့ရမှာ ဖြစ်ပါတယ်။

သင့်ဆီမှာ ပစ္စည်းလက်ကျန်ရှိမရှိနဲ့ Reviews, Rating တွေကိုလည်း ဖော်ပြထားနိုင်မှာပါ။

products categories ecommerce

Orders များလက်ခံခြင်း

ကာစတမ်မာတွေဘက်က ဝယ်ယူလိုတဲ့ ပစ္စည်းအရေအတွက်၊ ဈေးနှုန်း စတာတွေအပြင် အော်ဒါတင်ဖို့အတွက် ထည့်သွင်းစဉ်းစားရမယ့် လိုအပ်ချက်တွေရှိပါသေးတယ်။

  • အခွန်ငွေများ ထည့်သွင်းခြင်း
  • ကူပွန်နှင့် ဒစ်စကောင့်များဖြည့်သွင်းခြင်း
  • ငွေပေးချေခြင်း
  • Delivery အချက်အလက်များ
  • ကာစတမ်မာဘက်မှ Terms of Service ကိုလက်ခံရန်အတွက် လုပ်ဆောင်ခြင်း
  • အော်ဒါအရေအတွက်နှင့် အချက်အလက်များ
  • Payment Gateway

Payments များလက်ခံခြင်း

ဝယ်သူဘက်မှ ငွေပေးချေခြင်းများကို Payment Gateway တွေမှတဆင့် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ 

လူသုံးများသော Banking များကို ချိတ်ဆက်ထည့်သွင်းထားနိုင်ပြီး ဝယ်ယူဘက်မှ တိုက်ရိုက်ပေးချေမှု လုပ်ဆောင်နိုင်မှာပါ။

Cash on Delivery (အိမ်ရောက်ငွေချေ) နည်းလမ်းဖြင့်လည်း လုပ်ဆောင်ထားနိုင်ပါတယ်။

Delivery ပို့ဆောင်ခြင်း

Ecommerce နဲ့ Delivery ဆိုတာ ပေါင်းစပ်နေတဲ့အရာတွေပါပဲ။ 

သင့်ဘက်က မှန်ကန်တဲ့ပစ္စည်းကို သတ်မှတ်ထားချိန်အတွင်း ကာစတမ်မာရှိရာဆီ အပျက်အစီးမရှိ ပို့ဆောင်ပေးနိုင်ဖို့ လိုအပ်ပါတယ်။

သင့်လုပ်ငန်းပုံရိပ်ကောင်းမွန်မှုကို Delivery ပြဿနာတွေက ထိခိုက်စေနိုင်ပါတယ်။ 

သို့ဖြစ်တာကြောင့် Delivery ကောင်းတစ်ခုခုနဲ့ လက်တွဲနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

delivery to customer

ပစ္စည်းများလဲလှယ်ပေးရခြင်း

Ecommerce နဲ့အလုပ်လုပ်တဲ့အခါ ကာစတမ်မာဆီကို သင်ဘက်က ပစ္စည်းပို့ပေးလိုက်ရုံနဲ့ ပြီးသွားတာမဟုတ်ပါဘူး။

မှာယူထားတဲ့ အရောင်၊ အရွယ်အစား၊ ပုံစံ စတာတွေ လွဲချော်မှုရှိလာတဲ့အခါ သင့်ဘက်က တာဝန်ယူဖြေရှင်းပေးနိုင်ဖို့ လိုပါတယ်။ 

ဒီအခါမှာ သင့်ဆီကို ပစ္စည်းပြန်ယူဖို့ လုပ်ဆောင်ရမှာဖြစ်သလို ပြဿနာကို ထိရောက်ပြေလည်အောင် လုပ်ဆောင်နိုင်ဖို့ အဆင်သင့်ပြင်ထားရမှာပါ။

Customer များကိုဂရုစိုက်ခြင်း

Customer တွေကို ထိရောက်စွာ ကူညီပေးနိုင်ခြင်းက သင်လုပ်ငန်းရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ 

သူတို့မှာ မေးခွန်းတွေအမြဲရှိနေပါတယ်။ ဘယ်လိုမျိုးဝယ်ယူရမှာလဲ။ အချက်အလက်တွေ ဘယ်လိုဖြည့်ရမှာလဲ။ ပြန်လဲလှယ်လို့ရလား။ အနာအဆာ ပါလာတဲ့အခါ ဘယ်လိုလုပ်ရမလဲ။

ဒီမေးခွန်းတွေအတွက် သင့် Ecommerce ကဖြေရှင်းပေးနိုင်ဖို့ လိုအပ်ပါတယ်။

History of  Ecommerce 

history of ecommerce

Ecommerce တွေက လွန်ခဲ့တဲ့ နှစ်ပေါင်း 50 ဝန်းကျင်ကတည်းက စတင်ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ 

Ecommerce ပေါ်ပေါက်လာပုံ သမိုင်းကြောင်းကို အောက်ပါ Timeline ကိုကြည့်ရှုခြင်းဖြင့် လေ့လာနိုင်ပါတယ်။

1969: ပထမဦးဆုံး အမေရိကန် Ecommerce ကုမ္ပဏီဖြစ်တဲ့ CompuServe ပေါ်ပေါက်လာပါတယ်။

1972: ပထမဆုံး ငွေပေးချေမှုကို 1972 မှာ Stanford AI Lab မှကျောင်းသားများနဲ့ MITမှ ARPANET မှတဆင့် ဆေးခြောက်ရောင်းဝယ်တဲ့အခါမှာ လုပ်ဆောင်ခဲ့ကြပါတယ်။

1979: Michel Aldrich မှ Electronic Shopping ကိုတီထွင်ခဲ့ပါတယ်။

1982: Boston Computer Exchange မှ ပထမဆုံး Ecommerce Platforms တွေထဲက တစ်ခုကို ဖန်တီးခဲ့ပါတယ်။

1984: CompuServe မှ Marketplace တစ်ခုဖန်တီးခဲ့ပါတယ်။

1990: World Wide Web ပေါ်ပေါက်လာပြီး အင်တာနက်ရှိသူတိုင်း Online ကနေ ဈေးဝယ်လာနိုင်ပါတယ်။

1995: Amazon နဲ့ eBay တို့ပေါ်ပေါက်လာခဲ့ပါတယ်။

1998: PayPal ကိုစတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

1999: Alibaba ပေါ်ထွက်လာပါပြီ။

2000: Google Adswork ပေါ်ပေါက်လာပြီး Walmart မှလည်း Online မှဝယ်ယူနိုင်တဲ့ Website တည်ဆောက်ခဲ့ပါတယ်။

2005: Etsy ထွက်ရှိလာပြီဖြစ်ပါတယ်။

2009: Bitcoin ပေါ်ထွက်လာပါတယ်။

2011: Google Wallet ပေါ်ထွက်လာပါတယ်။

2014: Apple Pay နှင့် Jet.com ပေါ်ထွက်လာပါတယ်။

2018: Instagram မှတိုက်ရိုက်ဈေးဝယ်နိုင်သော posts များနှင့် stories များပေါ်ပေါက်လာပါတယ်။

Types of Ecommerce Models

လုပ်ငန်းပေါ်မူတည်ပြီး Ecommerce Models အမျိုးမျိုးသတ်မှတ်နိုင်ပါတယ်။

Business-to-Consumer (B2C)

လုပ်ငန်းတစ်ခုမှ စားသုံးသူတစ်ဦးချင်းအတွက် ကုန်ပစ္စည်း/ဝန်ဆောင်မှုများ ရောင်းချခြင်း

example: Turiyar Store, Shop.com.mm

Business-to-Business (B2B)

လုပ်ငန်းတစ်ခုမှ အခြားလုပ်ငန်းတစ်ခုအတွက် ကုန်ပစ္စည်း/ဝန်ဆောင်မှုများ ရောင်းချခြင်း 

(ဥပမာ – အခြားလုပ်ငန်းအတွက် Software မှတဆင့် ဝန်ဆောင်မှုပေးသော SAAS (Software as a Service) ဝန်ဆောင်မှု)

example: myanmarchatbot.com

myanmarchatbot.com

Consumer-to-Business (C2B)

ကာစတမ်မာဘက်မှ လုပ်ငန်းအတွက် ဝန်ဆောင်မှု/ကုန်ပစ္စည်းများ ရောင်းချခြင်း (ဥပမာ – ဓာတ်ပုံဆရာတစ်ဦးမှ ၎င်းဓာတ်ပုံ၏ အသုံးပြုခွင့်လိုင်စင်ကို လုပ်ငန်းများကို ရောင်းချခြင်း၊ Influencer တစ်ဦးမှ ၎င်း၏ Audience များရှိရာဆီ ကြော်ငြာပေးမည်ဟု လုပ်ငန်းများကို ကမ်းလှမ်းခြင်း)

example: oDesk, Freelancer

Consumer-to-Consumer (C2C)

ကာစတမ်မာတစ်ဦးမှ မိမိ၏ ကုန်ပစ္စည်း/ဝန်ဆောင်မှုတစ်ခုကို အခြားကာစတမ်မာတစ်ဦးသို့ ရောင်းချခြင်း (ဥပမာ – ပစ္စည်းအဟောင်းများ အချင်းချင်း ချိတ်ဆက်ဝယ်ယူကြခြင်း)

example: One Kyat, Paypal

Types of Merchants (ရောင်းချသူအမျိုးအစားများ)

ecommerce website

1. Physical Goods (ကုန်ပစ္စည်းများရောင်းချခြင်း)

ဒီအမျိုးအစားမှာတော့ Ecommerce အတော်များများ ပါဝင်မှာဖြစ်ပါတယ်။

ရောင်းချမယ့် ကုန်ပစ္စည်းတွေကို ပြသထားမယ်။ ဝယ်သူဘက်က ကြည့်ရှုနိုင်တယ်။ သိမ်းဆည်းထားနိုင်မယ်။ ဝယ်ယူတဲ့အခါ လုပ်ငန်းမှ ကာစတမ်မာကို ကုန်ပစ္စည်းပေးပို့မှာ ဖြစ်ပါတယ်။

2. Services (ဝန်ဆောင်မှုများကို ရောင်းချခြင်း)

Online မှတဆင့် ရောင်းဝယ်နိုင်တဲ့ ဝန်ဆောင်မှုများ _မာကတ်တင်း အကြံပေးခြင်း၊ ကြော်ငြာစာရေးခြင်း၊ ဒီဇိုင်းဆွဲခြင်း၊ Website တည်ဆောက်ခြင်း စတာတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

3. Digital Products (ဒစ်ဂျစ်တယ် ထုတ်ကုန်များကို ရောင်းချခြင်း)

Ebooks, podcasts, software, online courses စတာတွေကိုလည်း Online ကနေ သင်နှစ်သက်ရာကို ဝယ်ယူပြီး သင်ကြိုက်တဲ့အချိန် လေ့လာနိုင်မှာဖြစ်ပါတယ်။

ဒီလောက်ဆိုရင် သင့်အနေနဲ့ Ecommerce အကြောင်းကို အသေးစိတ် နားလည်သိရှိသွားမယ်လို့ ယုံကြည်ပါတယ်။

လက်ရှိကာလမှာ ကျွန်တော်တို့ DigitalMarketing.com.mm မှ Ecommerce Website အထိ အခမဲ့ ပေးအပ်သွားမယ့် နှစ်သစ်ကူးပရိုမိုးရှင်းလည်း ရှိတာကြောင့် လက်လွတ်မခံဘဲ ရယူလိုက်ပါ။

နောက်ပို့စ်တွေမှာ ပြန်တွေ့ပါမယ်ခင်ဗျာ။ ကျန်းမာပျော်ရွှင်တဲ့ တရက်တာလေးဖြစ်နိုင်ပါစေ။