fbpx
Website Development

သင့် Business အတွက် မှန်ကန်တဲ့ Website အမျိုးအစား ကို ဘယ်လိုရွေးချယ်မလဲ

Types Of Website

Business တိုင်းက Website လိုအပ်တယ်လို့အကြမ်းဖျင်း ပြောနိုင်ပေမယ့်၊ သင့်ရဲ့ Clients တွေက Internet သုံးနေကြပြီလား၊ Online ကနေ ရှာဖွေနေကြပြီလား ဆိုတာကပိုပြီးတော့အရေးကြီးပါတယ်။

မြန်မာနိုင်ငံလူဦးရေရဲ့ ၄၀.၈% က Internet အသုံးပြုကြပါတယ်။ သင့် Clients တွေ Online ကနေရှာဖွေနေကြပြီဆိုရင်တော့ သင့် Business အတွက် Website တစ်ခု လိုအပ်နေပါပြီ။
Website တစ်ခုလိုလာပြီဆိုတာ သိပြီးရင်တော့၊ နောက်ထပ် မေးခွန်တစ်ခု ရှိနေပါတယ်။

“သင့်ရဲ့ Business ကဘယ်လို Website မျိုးကို လိုအပ်နေတာလဲ”
ဒီမေးခွန်းက သင့်လုပ်ငန်းအတွက်အလွန်အရေးကြီးပါတယ်။ သင့်လုပ်ငန်းနဲ့ ကိုက်ညီတဲ့ Website မျိုးမဟုတ်ခဲ့ရင် Website ရေးဆွဲခဲ့တာကလည်း သဲထဲရေသွန်သလိုပါပဲ အကျိုးမရှိပါဘူး။

ဒါကြောင့် Website အမျိုးအစားအလိုက် ဘယ်လို Features တွေပါပြီး ဘယ်လို Business တွေအတွက်ဆိုတာကို တစ်ချက်ချင်း ရှင်းပြပေးသွားပါမယ်။

E-commerce Website

E-commerce

သင့်လုပ်ငန်းက Products တွေ၊ Courses တွေ အဓိက ရောင်းချတာဆိုရင် E-commerce Website ကိုရွေးသင့်ပါတယ်။
E-commerce Website ရဲ့အဓိက လုပ်ဆောင်ချက်တွေကတော့

  • Product တွေကို categories တွေခွဲပြီး တစုတစည်းတည်း ထားနိုင်မယ်၊
  • Clients တွေအတွက်ရှာဖွေရတာလည်း ပိုလွယ်ကူစေမယ်၊
  • Online Payment တွေလုပ်လို့ရတဲ့ အတွက်ကြောင့် Online ကန အလွယ်တကူ ဝယ်ယူလို့ရမယ်၊
  • နောက်တစ်ခုကတော့ Analytics Tools တွေကိုအသုံးပြုပြီး သင့် Website ကြီးတစ်ခုလုံးကို Analytics လုပ်လို့ရမယ်၊ (ဥပမာ – သင့် Products အများကြီးထဲက Product တစ်မျိုးကို လူဝင်ကြည့်များနေခဲ့တယ်။ ဒါပေမယ့် ရောင်းအားက မတက်လာဘူးဆိုရင် ထို product ကို Social Media တွေမှာ Boost ထုတ်တာမျိုးတို့ Promotion ချပေးလိုက်တာမျိုးတို့ဖြင့် ရောင်းအားကို မြှင့်တင်နိုင်ပါတယ်။)

Branding Website

Braning

Business Website လို့လည်းခေါ်ကြပါတယ်၊ Company အကြောင်း၊ Services တွေနဲ့ Contact details တွေကို သင့် Clients တွေရှာရလွယ်ကူစေရန်နဲ့ သင့် Company ရဲ့ Brand Image ကို မြှင့်တင်ရန်အတွက် Branding Website ကိုအသုံးပြုသင့်ပါတယ်။
သင့် Business က Products တွေ ရောင်းချတာဆိုရင်လည်း၊ သင့် Business က သိပ်မကြီးသေးရင် Branding Website နှင့်အစပြုထားသင့်ပါတယ်။
နောက်ပိုင်း Products တွေကို Online ကနေ ဝယ်ယူမှုတွေ၊ ရှာဖွေမှု တွေရှိလာတော့ မှ E-commerce Website တစ်ခုအဖြစ်သို့ မြင့်တင်သင့်ပါတယ်။

Lead Collecting Website

Lead Collection

Visitors တွေရဲ့ Information တွေကို ရယူပြီး Marketing လုပ်ဖို့ဖြစ်ပါတယ်။
Visitors တွေရဲ့ Information ရဖို့ဆိုရင် ကျွန်တော်တိုဘက်က တစ်ခုခုပြန်ပေးဖို့ လိုအပ်ပါတယ်။
ဥပမာ Promotions တွေ၊ Visitor တွေ ဗဟုသုတရမယ့် Blog တွေဖန်တီးနိုင်ရပါမယ်။
Website ကို Marketing ဆန်ဆန်အသုံးပြုချင်တယ်ဆိုရင် Lead Collecting Website ကိုအသုံးပြုသင့်ပါတယ်။

News and Magazine Website

News

သတင်း Media လုပ်ငန်းများနဲ့ Knowledge Sharing Blog များအတွက် News and Magazine Website ကိုအသုံးပြုသင့်ပါတယ်။
Contents တွေကို categories ခွဲပြီး Visitors များရှာဖွေဖတ်ရှု့လို့ လွယ်ကူစေပါတယ်။
Facebook Instant Articles နှင့် Ads များထည့်ပြီးတော့လည်း ဝင်ငွေရရှိနိုင်ပါသေးတယ်။

Portfolio Website

Portfolio

သင်က Professional Artist, Designer, Photographer, Developer တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် Portfolio Website တစ်ခု ရှိနေသင့်ပါတယ်။
ဘာလို့လည်းဆိုတော့ သင့်ရဲ့ Skill တွေနဲ့ သင့်Share ချင်တဲ့ Knowledge တွေကို Website တစ်ခုအဖြစ် တစ်နေရာတည်းမှာ စုစည်းပြသထားနိုင်ပါတယ်။

Travel Website

Travel

Travel Website ကတော့ E-commerce Website နဲ့အနည်းငယ်တူနေပါတယ်။ Tours တွေတစ်ခါတည်း ရောင်းလိုလျှင်ဖြစ်စေ၊ Hotel တွေ Booking လုပ်ချင်ရင်ဖြစ်စေ Online Payment ထည့်သင့်ပါတယ်။

Tours တွေနဲ့ Destinations တွေကို categories တွေခွဲပြီး တစုတစည်းတည်း ထားသောကြောင့် Visitors များအလွယ်တကူ ရှာဖွေနိုင်ပါတယ်။
Travel Tour Agency ကတော့ Travel Website အမျိုးအစားကိုအသုံးပြုသင့်ပါတယ်။

သင့်လုပ်ငန်းအတွက် မှန်ကန်တဲ့ Website အမျိုးအစားကို ရွေးချယ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

ပြီးတော့ ဒီ Article လေးကို အောက်ပါခလုတ်လေးတွေ နှိပ်ပြီး သင့်ရဲ့ Social Media မှာပြန်ပြီးမျှဝေပေးဖို့ တောင်းဆိုပါရစေ။

အဆုံးထိ ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ပြန်တွေ့ကြပါမယ်ခင်ဗျာ။