fbpx
Knowledge Sharing

What Do You See in This Picture?

လောကမှာ အကောင်းမြင်စိတ်က ဘယ်လောက်ထိအရေးကြီးလဲ❓

ပြထားတဲ့ ပုံလေးကို ရုတ်တရက်ကြည့်လိုက်ရင် အတော်များများက အမည်းစက်လေးမြင်တယ်လို့ ဖြေကြလိမ့်မယ်။

ဒီအဖြေဟာလည်း မမှားပါဘူး။ ဒါပေမယ့် လူအများမေ့ထားကြတဲ့ တစ်ဖက်ခြမ်းမှာ အဖြူရောင်တွေဟာ အမည်းရောင်ထက် ပိုများပါတယ်။

⚫️ဒီလိုပဲ လောကကြီးမှာလည်း လူတော်တော်များများဟာ အကောင်းမြင်စိတ်ထက် အဆိုးမြင်စိတ်ကလေး ပိုများတာကို တွေ့ရတတ်ပါတယ်။

အဖြူရောင်ဧရိယာအကြီးကြီးကိုမမြင်ဘဲ အမည်းရောင်ဧရိယာကိုပဲ သတိထားမိတတ်ကြပါတယ်။

လောကမှာ သင်ပိုအောင်မြင်ချင်ပါသလား❓

Positive Vibe ကို ရအောင်မွေးပါ။ အကောင်းမြင်စိတ်ကို ရအောင်ထားပါ။ ဘဝရဲ့မပြည့်စုံမှုတွေအတွက် စိတ်ပျက်အားလျော့နေမယ့်အစား ဘဝကပေးထားတဲ့ အရည်အချင်းတွေကို သတိပြုပါ။ အခွင့်အလမ်းတွေကို ဆုပ်ကိုင်ပါ။

ပိုမိုတိုးတက်အောင်မြင်တဲ့ ဘဝက အဆိုးမမြင်တတ်တဲ့ သင့်လက်တစ်ကမ်းမှာတင်ပါ။

#OpenMoreOnline