fbpx
Advertising Creativity & Visual Design Social Media Marketing

Facebook Boosting လုပ်တဲ့သူတိုင်း မဖြစ်မနေ သိထားရမယ့် Campaign Budget Optimization

ကြော်ငြာထုတ်တဲ့အခါ ဒေါ်လာကုန်ရကျိုးနပ်ဖို့ အသက်သာ အထိရောက်ဆုံး audience၊ ကြော်ငြာစာ၊ ဒီဇိုင်းတွေကို အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။

ဒီတော့ ပိုသက်သာထိရောက်တဲ့ ကြော်ငြာစာ၊ ဒီဇိုင်းတွေကို သိရအောင် ဘယ်လိုလုပ်မလဲ?

Audience တွေကြားမှာ ပိုအဆင်ပြေတာကို ဘယ်လိုနှိုင်းယှဉ်ရွေးချယ်မလဲ?

ဒါကို အလွယ်ကူဆုံးနည်းလမ်းနဲ့ သိရှိနိုင်ဖို့ Campaign Budget Optimization ကို အသုံးပြုနိုင်ပါတယ်။

Campaign Budget Optimization (CBO) ဆိုတာဘာလဲ?

CBO ဆိုတာ Campaign တစ်ခုမှာ အသုံးပြုတဲ့ Budget ကို မတူညီတဲ့ ads set တွေမှာ ရလဒ်အလိုက် အလိုအလျောက်ခွဲခြမ်း အသုံးပြုပေးတဲ့ option တစ်ခု ဖြစ်ပါတယ်။

Ads Manager ရဲ့ Campaign Level မှာ ဖွင့်လို့ရတဲ့ option ဖြစ်ပြီးတော့ သတ်မှတ်ထားတဲ့ ဘတ်ဂျက်ကို Ads set တွေ၊ Ads တွေရဲ့ ရလဒ်ပေါ်မူတည်ပြီး အလိုအလျောက် ခွဲခြမ်းအသုံးပြုပေးတာ ဖြစ်ပါတယ်။

Campaign Budget Optimization (CBO) ကိုဘယ်လိုအသုံးပြုမလဲ?

CBO ကိုအသုံးပြုဖို့ Ads Manager ရဲ့ Campaign Level မှာ Campaign Budget Optimization ကို ဖွင့်ပါ။

သင်သုံးချင်တဲ့ ဘတ်ဂျက်ကို ရွေးချယ်သတ်မှတ်ပါ။ ဥပမာ $50 သတ်မှတ်လိုက်ပြီဆိုပါစို့။

ပြီးတဲ့အခါ  Ads set တွေတည်ဆောက်ပြီး မတူညီတဲ့ Audience တွေကို တည်ဆောက်နိုင်ပါတယ်။

ဥပမာ – ပထမ Ads set မှာ Audience ကို Detailed Targeting ၊

ဒုတိယ Ads set မှာ Custom/Lookalike Audience စသဖြင့် နှစ်မျိုးတည်ဆောက်ထားနိုင်ပါတယ်။

Ads set တစ်ခုချင်းမှာ မတူညီတဲ့ ကြော်ငြာစာ၊ ဒီဇိုင်းအသီးသီးနဲ့ Ads တစ်ခုချင်း ပြန်တည်ဆောက်နိုင်ပါတယ်။

ဥပမာ – Ads set နှစ်ခု တည်ဆောက်ထားပြီး Ads set တစ်ခုချင်းမှာ မတူညီတဲ့ဒီဇိုင်းနှစ်ခုနဲ့ Ads နှစ်ခုစီ တည်ဆောက်ထားနိုင်ပါတယ်။

အခုလိုတည်ဆောက်ထားပြီး Ads run တဲ့အခါ သတ်မှတ်ထားတဲ့ Campaign Budget $50 ကို တည်ဆောက်ထားတဲ့ Ads set, Ads တွေထဲမှာ ရလဒ်ပေါ်မူတည်ပြီး ခွဲခြမ်းအသုံးပြုသွားမှာဖြစ်ပါတယ်။

Ads run ပြီးတဲ့အခါမှာ ဘယ် Ads set > Ads မှာ ဘတ်ဂျက်ပိုသုံးထားလဲကြည့်ခြင်းအားဖြင့် ပိုသက်သာထိရောက်တဲ့ Audience နဲ့ Design ကိုရွေးထုတ်နိုင်ပြီ ဖြစ်ပါတယ်။

ပိုထိရောက်တဲ့ Campaign > Ads set > Ads ပေါ်ထွက်လာပြီးနောက်မှာ အခြား Ads set နဲ့ Ads တွေကို ရပ်ထားပြီး အထိရောက်ဆုံး audience၊ ဒီဇိုင်းကိုပဲ run ထားနိုင်ပြီဖြစ်ပါတယ်။

အခုလို Campaign Budget Optimization ကိုအသုံးပြုပြီးတော့ သင့်အတွက် အသက်သာ အထိရောက်ဆုံး audience၊ ကြော်ငြာစာ၊ ဒီဇိုင်းတွေကို ရွေးထုတ်နိုင်မှာ ဖြစ်ပါတယ်။

အဆုံးထိဖတ်ပေးလို့ ကျေးဇူးပါ။ သင့်အတွက် အထောက်အကူဖြစ်တယ်ဆိုရင် ပြန်ပြီးမျှဝေပေးဖို့လည်း တောင်းဆိုချင်ပါတယ်။ 

Facebook Advertising အတွက် အကျွမ်းကျင်ဆုံး Professionals တွေရဲ့ အတွေ့အကြုံနဲ့ ဦးနှောက်တွေကို သင့်လုပ်ငန်းအတွက် အသုံးချဖို့ဆိုရင်တော့ ကျွန်တော်တို့ DigitalMarketing.com.mm နဲ့လက်တွဲနိုင်ပါတယ်။

ဝန်ဆောင်မှုအတွက် အသေးစိတ်စုံစမ်းဖို့ Hotline 09 4210 140 55 မှလည်းကောင်း၊ အောက်ပါလင့်မှတဆင့် Form ဖြည့်စွတ်ပြီးလည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

https://www.digitalmarketing.com.mm/free-ecommerce-website/

ကျန်းမာပျော်ရွှင်တဲ့ တရက်တာလေးဖြစ်ပါစေခင်ဗျာ။