
Protect your Reputation at all Costs: Reputation is the Cornerstone of Power
THE 48 LAWS OF POWER
Robert Greene ရေးသားခဲ့တဲ့ THE 48 LAWS OF POWER စာအုပ်ထဲက အာဏာရရှိဖို့နဲ့ ရရှိထားတဲ့အာဏာကိုထိန်းသိမ်းတတ်ဖို့ နည်းဥပဒေသ (၄၈)ရပ်ရဲ့ပဥ္စမမြောက် နည်းဥပဒေသ (၅)
Protect your Reputation at all Costs: Reputation is the Cornerstone of Power – ဂုဏ်သိက္ခာကိုစောင့်ရှောက်ကာကွယ်ပါ
ဂုဏ်သိက္ခာ ဆိုတာ အရှိန်အဝါ၊အာဏာရဲ့အခြေခံပါ။ ဂုဏ်လျှောရင်ပျော့ကွက်ပေါ်ပြီး အဘက်ဘက်က ထိုးနှက်ခံရတတ်ပါတယ်။ အလားအလာရှိတဲ့ အန္တရာယ်တွေကို သတိရှိရှိစောင့်ကြပ်ကာကွယ်ပါ။ ရန်သူကိုဂုဏ်သိက္ခာကျဆင်းအောင် ပညာသားပါပါ ကြံစည်ပါ။ လူအများရဲ့အထင်မြင်သေးခံရပြီး သူ့အလိုလို အခက်တွေ့ ပျက်စီးတွင်းကျပါလိမ့်မယ်။