fbpx
Website Development

10 Reasons why Every Startup in Myanmar need a Website

website development

သင်အခုချိန်ထိ Website မရှိပေမယ့် လုပ်ငန်းကို အဆင်ပြေပြေ လုပ်လို့ရနေတာပဲ။

ဒါဆို ဘာကြောင့် Website လိုအပ်အုံးမှာလဲ?

လုပ်ငန်းတိုင်းအတွက် Website ဆိုတာ အရင်ကတည်းက လိုအပ်ခဲ့တာမှန်ပေမယ့် ကျွန်တော်တို့ နိုင်ငံသားတွေက Google မခေါက်ကြဘူး၊ Facebook အသုံးများတယ်ဆိုတဲ့ အကြောင်းပြချက် ရှိနေပါသေးတယ်။

သို့ပေမယ့် အခုချိန်မှာတော့ လူတွေ အပြင်မထွက်ဘူး၊ ဖုန်းပိုသုံးလာတယ်၊ ဒစ်ဂျစ်တယ်စနစ်တွေနဲ့ ပိုပြီး အသားကျလာတယ်၊ ပိုရင်းနှီးလာတယ်၊ ပိုကျွမ်းကျင်လာကြပါတယ်။

အခုသုံးစရသွားတဲ့အတွက် နောက်ပိုင်းမှာ ပိုသုံးလာဖို့၊ ပိုကျွမ်းကျင်လာကြဖို့ပဲ ရှိပါတော့တယ်။

ဒီအခါမှာ Google Search တွေနဲ့ Website Ranking တွေက အရေးပါလာတော့မှာပါ။

သင့်အနေနဲ့ Ranking ကောင်းဖို့ဆိုတာ အချိန်ပေးဖို့ လိုပါတယ်။ အခုချိန်မှာကတည်းက Website တစ်ခု တည်ဆောက်ပြီး SEO အတွက် လုပ်ဆောင်ထားရမှာပါ။

ဒီတော့ သင်စဉ်းစားရတာ ပိုပြီးရှင်းလင်းသွားစေဖို့ သင့်လုပ်ငန်းအတွက် Website ရှိထားသင့်တဲ့ အကြောင်းပြချက် 10 ချက်ကို ပြောပြပေးချင်ပါတယ်။

အခမဲ့ရေးဆွဲနိုင်မယ့် အခွင့်အရေးကို နောက်ဆုံးမှာ ထည့်သွင်းထားတာကြောင့် အဆုံးထိ ဖတ်ပေးပါ။

တချက်ချင်းကြည့်လိုက်ရအောင်ခင်ဗျာ။

၁။ သင့်လုပ်ငန်း အဆင့်အတန်းမြင့်မားမှုရဲ့ သက်သေဖြစ်ပါတယ်။

ကာစတမ်မာတွေရဲ့ လုပ်ငန်းတစ်ခုအပေါ် ယုံကြည်မှု၊ ပါတနာလုပ်ငန်းတွေရဲ့ အမြင်သက်ရောက်မှု၊ ပြိုင်ဘက်တွေထက် တဆင့်မြင်တဲ့ ခြားနားမှု

ဒါတွေအားလုံးကို Professional Website တစ်ခုက အလွယ်တကူ ပေးစွမ်းနိုင်ပါတယ်။

Website ရှိထားခြင်းက သင့်လုပ်ငန်းအတွက် ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ထားသလိုပါပဲ။ 

သူများ ပလက်ဖောင်းတွေမှာ နေထိုင်ရုံသက်သက်မဟုတ်ဘဲ Online Marketing အတွက် ကိုယ်ပိုင်နေရာတစ်ခု တည်ဆောက်ထားခြင်းဖြစ်ပါတယ်။

သင့်လုပ်ငန်းအကြောင်းမေးတဲ့အခါ၊ ဝန်ဆောင်မှု/ကုန်ပစ္စည်းတခုခုအကြောင်း မေးတဲ့အခါ အများကြီးပြောမနေပါနဲ့။ 

Website လိပ်စာသာ ပြောပေးလိုက်ပါ။ သူတို့ရှင်းရှင်းလင်းလင်း နားလည်သွားမယ့်အပြင် ယုံကြည်မှုနဲ့ လုပ်ငန်းအပေါ် အထင်ကြီးမှုကိုပါ မတောင်းဘဲ ရရှိပါလိမ့်မယ်။

၂။ Search Engines တွေမှတဆင့် ကာစတမ်မာအသစ်တွေ ရရှိနိုင်ပါတယ်။

သင့်ကာစတမ်မာတွေက သူတို့လိုချင်တဲ့ ကုန်ပစ္စည်း/ဝန်ဆောင်မှု၊ မေးခွန်း၊ ပြဿနာတွေကို Google မှာ ရိုက်ရှာတဲ့အခါ သင့် Website ထွက်ကျလာမယ်။ 

ဒီအချိန်မှာ သင့်အနေနဲ့ သူတို့လိုချင်တဲ့အဖြေကို ပေးနိုင်မယ်၊ သူတို့ပြဿနာကို ဖြေရှင်းပေးနိုင်မယ်ဆိုရင် သင့်ကာစတမ်မာဖြစ်ဖို့ အခွင့်အလမ်းရရှိပါပြီ။

ကာစတမ်မာတွေ ရှာဖွေတဲ့အခါမှာ သင့်လုပ်ငန်းပေါ်လာဖို့ကတော့ Search Enginge Optimization လုပ်ဆောင်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

၃။ သင့်ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ရှင်းလင်းစွာ ပြသနိုင်ပါတယ်။

အခြားပလက်ဖောင်းတွေမှာ သင့်ရဲ့ လုပ်ဆောင်နိုင်စွမ်းက အကန့်အသတ်ရှိပေမယ့် Website မှာတော့ သင့်လုပ်ငန်းအကြောင်း စိတ်တိုင်းကျ ပြင်ဆင်ဖော်ပြနိုင်ပါတယ်။

သင့် Products တွေကို Categories အသေးစိတ်ခွဲခြားပြီး အသုံးပြုပုံ၊ အကျိုးကျေးဇူး၊ ဈေးနှုန်း စတာတွေကို ရှင်းလင်းတိကျစွာ ပြသပေးနိုင်ပါတယ်။

သူတို့အပြင်က တကယ့်ဆိုင်နေရာကို ရောက်ရှိလာသလို ခံစားရဖို့နဲ့ အလွယ်တကူ ဝယ်ယူနိုင်ဖို့ Website တစ်ခုက စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

၄ ။ လုပ်ငန်းရဲ့ Reviews ကောင်းတွေနဲ့ Testimonials တွေကို ပြသနိုင်ပါတယ်။

သင့်လုပ်ငန်းကနေ ရရှိထားတဲ့ ကာစတမ်မာတွေရဲ့ Reviews ကောင်းတွေ၊ လုပ်ကိုင်ထားတဲ့ Testimonials တွေကို Website မှာ မြင်သာထင်ရှားစွာ ပြသနိုင်ပါတယ်။

ဒီနည်းအားဖြင့် ကာစတမ်မာတွေဆီက ယုံကြည်မှုအလွယ်တကူရဖို့ Social Proof တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

သင့်လုပ်ငန်းအနေနဲ့ ထင်ရှားတဲ့ သတင်းစာတွေ၊ Blog တွေမှာ ပါဝင်ထားတယ်ဆိုရင်လည်း သင့် Website မှာ တစုတစည်းထဲ ဖော်ပြထားဖို့ မမေ့ပါနဲ့။

၅။ ကာစတမ်မာတွေ သင့်ကို ဆက်သွယ်လာဖို့ တွန်းအားပေးနိုင်ပါတယ်။

အလားအလာရှိတဲ့ ကာစတမ်မာတွေအတွက် သင့်ကို ဆက်သွယ်နိုင်မယ့် အချက်အလက်တွေ အလွယ်တကူရရှိနိုင်ဖို့ Website ကအကောင်းဆုံးနေရာ ဖြစ်ပါတယ်။

Website ရဲ့ Header, Footer တွေမှာ ဆက်သွယ်နိုင်မယ့် အချက်အလက်တွေထည့်ပြီး Web Page တိုင်းမှာ ပေါ်အောင် လုပ်ထားနိုင်မယ့်အပြင် Contact Form ထည့်သွင်းပြီး သူတို့ဆီက အချက်အလက်တွေကိုလည်း တောင်းခံနိုင်ပါတယ်။

၆။ 24 နာရီ ပိတ်ရက်မရှိဖွင့်ထားနိုင်မယ့် Online ဆိုင်ခန်းဖြစ်ပါတယ်။

Reasons to have Website

Website တစ်ခု ရှိထားခြင်းဖြင့် ကာစတမ်မာတွေ သင့်ကို အချိန်မရွေး၊ နေရာမရွေး ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ 

အလုပ်ချိန်ပြင်ပဖြစ်စေ၊ ပိတ်ရက်ဖြစ်စေ ကာစတမ်မာအသစ်တွေ သင့်ကိုရှာမတွေ့မှာ စိတ်ပူစရာမလိုပါဘူး။

Website မှာလိုအပ်တဲ့ အချက်အလက်တွေကို အချိန်မရွေး စုံစမ်းကြည့်ရှုနိုင်ခြင်းက သူတို့အတွက် သက်တောင့်သက်သာပိုဖြစ်စေပြီး စိတ်ကျေနပ်စေပါတယ်။

၇။ Google Maps နဲ့ချိတ်ဆက်ပြီး လုပ်ငန်းရဲ့ တည်နေရာကို လွယ်ကူစွာ ပြနိုင်ပါတယ်။

Website မှာ လုပ်ငန်းတည်နေရာကိုပြတဲ့ Google Map ကိုတိုက်ရိုက် Embed လုပ်ပြီး ထည့်ထားနိုင်ပါတယ်။

Google Maps ထားပေးခြင်းဖြင့် သူတို့အတွက် အလုပ်ရှုပ်သက်သာပြီး လွယ်ကူတာကြောင့် သင့်ဆီလာရောက်ဖို့ ပိုပြီးဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။

၈။ Website ရှိခြင်းက ရေရှည်အတွက် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ပါတယ်။

Reasons to have Website

Facebook Page တစ်ခုထောင်ပြီး သင့်လုပ်ငန်းကို ကြော်ငြာခြင်းက ရေတိုအတွက်တော့ အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် Facebook က သင်ပိုင်ဆိုင်တဲ့နေရာ မဟုတ်ပါဘူး။ သင်ရင်းနှီးမြှုပ်နှံထားတဲ့ Profile တွေကလည်း နေ့တွင်းညတွင်းချင်း ပျက်သွားနိုင်ပါတယ်။

Website တစ်ခုတည်ဆောက်ပြီး Ranking ကောင်းအောင် ရင်းနှီးမြှုပ်နှံခြင်းကတော့ အချိန်ယူရသလို ရလဒ်ကလည်း ရေရှည်ရရှိစေမှာ ဖြစ်ပါတယ်။

၉။ Customer Service ကို Website မှတဆင့် ပိုလွယ်ကူစွာ ဆောင်ရွက်နိုင်ပါတယ်။

Reasons to have Website

အမေးများတဲ့ မေးခွန်းတွေအတွက် အဖြေတွေပြင်ဆင်ထားခြင်းအားဖြင့် Customer Service မှာကုန်ကျစရိတ် လျှော့ချနိုင်သလို အချိန်ကုန်လည်း သက်သာစေပါတယ်။ 

ကာစတမ်မာတွေရဲ့ ပြဿနာတွေကို Live Chat မှတဆင့်လည်း တိုက်ရိုက်ဖြေရှင်းပေးနိုင်မှာပါ။

ဒီနည်းအားဖြင့် ဝယ်သူတွေဘက်မှာလည်း လိုချင်တဲ့အဖြေကို ချက်ချင်းရရှိနိုင်တာကြောင့် လုပ်ငန်းနဲ့ ပိုပြီး ဆက်ဆံရေးအားကောင်းလာမှာ ဖြစ်ပါတယ်။

၁၀။ Online Marketing လုပ်ငန်းစဉ်အားလုံးရဲ့ ဗဟိုချက်မဖြစ်ပါတယ်။

Online Marketing လုပ်ဆောင်တဲ့အခါ Website ကိုအခြေပြုပြီး အခြားသော ပလက်ဖောင်းတွေမှာ သင့်ရဲ့ မာကတ်တင်းလုပ်ငန်းစဉ်တွေကို လိုက်လံဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

Website ရှိခြင်းအားဖြင့် သင့်ရဲ့အခြားသော မာကတ်တင်းနည်းလမ်းတွေက ပိုပြီးအလုပ်ဖြစ်တာကို တွေ့ရှိရမှာပါ။

ကာစတမ်မာတွေဆီ သွားရောက်ဖို့၊ ဆွဲဆောင်ဖို့ Social Networks တွေက အလုပ်ဖြစ်တာမှန်ပေမယ့် အချက်အလက်တွေ စုဆောင်းဖို့၊ ဝယ်ယူမှုပြုဖို့၊ ပြန်လည်ကြော်ငြာဖို့ အတွက်တော့ Website ကောင်းတစ်ခု လိုအပ်လာပြီဖြစ်ပါတယ်။

ဒီနေ့ဖော်ပြပေးခဲ့တာကတော့ သင့်အတွက် Website ကောင်းတစ်ခု ရှိထားဖို့လိုတဲ့ အကြောင်းအရင်း 10 ချက်ပဲ ဖြစ်ပါတယ်။

သင့်အတွက် Website အခမဲ့ ရေးဆွဲနိုင်မယ့် ကျွန်တော်တို့ရဲ့ 2နှစ်ပြည့် အထူးအစီအစဉ်ကိုလည်း ဝင်ရောက်ကြည့်ရှုဖို့ မမေ့ပါနဲ့။

သင့်အတွက် အကျိုးရှိမယ်ဆိုရင် ပြန်လည်မျှဝေပေးသွားဖို့ တောင်းဆိုချင်ပါတယ်။ နောက်ပို့စ်‌တွေမှာ ပြန်တွေ့ပါမယ်ခင်ဗျာ။